ရန်ကုန်တက္ကသိုလ် နှင့် တက္ကသိုလ်များ ခြေလျှင်တောင်တက်အသင်းဝင်များ၏ အကြိုမိတ်ဆုံပွဲ ဖိတ်ကြားလွှာ
ရန်ကုန်တက္ကသိုလ်နှင့်တက္ကသိုလ်များခြေလျှင်တောင်တက်အသင်းဝင်များ၏
(၁၆)ကြိမ်မြောက်ကျောင်းသားဟောင်း၊ မျိုးဆက်သစ် တွေ့ဆုံပွဲ နှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို
၂၀၁၁ခုနှစ်၊ ဇွန်လ (၂၆)ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ (၁း၀၀)နာရီတွင်
ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပမည်ဖြစ်ရာ အသင်းဝင် ဟောင်း၊ အသင်းဝင်သစ်များအားလုံး မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
အထက်ပါဂုဏ်ပြုအခမ်းအနားပွဲအတွက် အကြိုမိတ်ဆုံပွဲကို တစ်ပတ်အလို ၂၀၁၁ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၈း၃၀) မှ ညနေ (၅း၃၀)နာရီ အထိ
အသင်းဥက္ကဌ ဆရာဦးမျိုးသန့်၏ အင်းဝဆောင်တွင် ကျင်းပမည်ဖြစ်ရာ
(၁၉၆၄-၆၅) မှ (၂၀၁၀-၁၁) အတွင်း
ရန်ကုန်တက္ကသိုလ်နှင့်တက္ကသိုလ်များခြေလျှင်တောင်တက်အသင်းတွင်
ပါဝင်လှုပ်ရှားခဲ့သူအားလုံးတစ်ဦးချင်းဖြစ်စေ၊မိမိတို့ပညာသစ်နှစ်အလိုက်ဖြစ်စေ၊
တက်ရောက်ခဲ့သော တောင်တက်ခရီးစဉ်များအလိုက်ဖြစ်စေ၊
နှစ်သက်သလို စုဖွဲ့လာရောက်ခါ လွပ်လပ်ပျော်ရွှင်စွာ တွေ့ဆုံကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
မှတ်ချက်။ ။ စားသောက်ဖွယ်ရာအချို့ကိုလည်းစီ


0 comments:
Post a Comment